IELTS ကြောင့် စိုးရိမ်ပူပန်နေရပါသလာ? အောက်ပါမေးခွန်းလေး ၂ ခုက သင့်ရဲ့ စိုး၇ိမ် သောကတွေကို သက်သာရာရစေပါလိမ့်မယ်

IELTS ကြောင့် စိုးရိမ်ပူပန်နေရပါသလာ? အောက်ပါမေးခွန်းလေး ၂ ခုက သင့်ရဲ့ စိုး၇ိမ် သောကတွေကို သက်သာရာရစေပါလိမ့်မယ်

IELTS ကြောင့် စိုးရိမ်သောကတွေ များနေရပါသလား ? ဒါဆိုရင်တော့ သင်တစ်ယောက်ထဲ စိုးရိမ်နေရတာ မဟုတ်ပါဘူး။ IELTS ဟာ အရေးကြီးတဲ့ စာမေးပွဲတစ်ခုဖြစ်တာကြောင့် သင် စိုးရိမ် ပူပန်မိမှာပါပဲ။ ဒါပေမယ့် အကောင်းဆုံး ဖြေဆိုနိုင်ဖို့အတွက် သင့်၇ဲ့ သောကတွေကို အရင် ဖြေလျော့လိုက်ပါနော်။ ပူပန်ခြင်းက သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်း ကို လျော့ကျစေပါလို့ပါ။သင့်၇ဲ့စိုးရိမ်စိတ်တွေလျော့ပါးစေဖို့ သင့်ကိုသင် ဒီမေးခွန်းလေးနှစ်ခု မေးကြည့်ပါနော်။

၁) ဘာကြောင့် IELTS ကို ဖြေရတာလဲ?

ဘယ်နိုင်ငံမှာ တတ်ချင်တာလဲ ဘာတတ်ချင်တာလဲ ဆိုတာ မသိသေးရင်တော့ အချိန်တွေ ငွေတွေ IELTS စာမေးပွဲအတွက် အကုန်မခံပါနဲ့တော့။ အဲ့ဒီအစား အခမဲ့ IELTS အစမ်းစာမေးပွဲ free practice IELTS test ကို ဖြေဆိုလေ့ကျင့်ကြည့်ပါ။ သင့်ရဲ့ English Level ကို သိရပါလိမ့်မယ်။

၂) IELTS ဖြေဖို့ အဆင်သင့်ဖြစ်ပါပြီလား?

ဒီမေးခွန်းကို ဖြေနိုင်ဖို့ သင်လေ့လာချင်တဲ့ဘာသာရပ်က IELTS အမှတ် ဘယ်လောက်လိုတာလဲ သိဖို့လိုပါတယ်။

ဒီအချက်တွေ သိပြီးပါက အခမဲ့ IELTS အစမ်းစာမေးပွဲဖြေဆိုကြည့်ပြီး သင့်ရရှိတဲ့ အမှတ်က တကယ်လိုအပ်တဲ့အမှတ် ဘယ်လောက်ကွာခြားလဲဆိုတာ ကြည့်ရပါမယ်။ အမှတ် အများကြီး ကွာနေရင်တော့ ပိုက်ဆံအကုန်ခံပြီး IELTS စာမေးပွဲမဖြေပါနဲ့အုံးနော်။ အဲ့ဒီအစား လိုအပ်တဲ့ အင်္ဂလိပ် Level ရအောင် သင့်ရဲ့ English အဆင့် ကို မြှင်တင်ဖို့လိုအပ်ပါတယ်။ AEC မှာ သင့်ရဲ့ အင်္ဂလိပ်စာတိုးတတ်စေဖို့ Program များရှိပါတယ်နော်။ အင်္ဂလိပ်စာလဲ တိုးတတ်  ကျောင်းလျောက်ဖို့အတွက် လိုအပ်တဲ့ IELTS အမှတ်ရအောင်လဲ သင်ကြားပေးပါတယ်နော်

ဒါကြောင့် IELTS နဲ့ Academic English အကြောင်းသိရအောင် AEC မှ အကြံပေး ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆွေးနွေးကြည့်နိုင်ပါတယ်