IELTS စာမေးပွဲအတွက်အကောင်းဆုံးဘယ်လိုပြင်ဆင်ရမလဲ။

 

IELTS စာမေးပွဲအတွက်အကောင်းဆုံးဘယ်လိုပြင်ဆင်ရမလဲ။

IELTS စာမေးပွဲအတွက်အကောင်းဆုံးဘယ်လိုပြင်ဆင်ရမလဲ ဆိုရင်စကားလုံးတလုံးတည်းပြောရရင်တော့ လေ့ကျင့်မှုပါပဲ။

စာမေးပွဲအတွက်လေ့ကျင့်ခြင်းမဟုတ်ဘဲနဲ့အင်္ဂလိပ်စာလေ့ကျင့်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။စာမေးပွဲအတွက်လေ့ကျင့်တာကကောင်းပါတယ်။  ဒါပေမယ့် သင်စာမေးပွဲဖြေဖို့အတွက် အဆင်သင့်မဖြစ်မချင်းသိပ်အသုံးမဝင်ပါဘူး။

လိုအပ်တာကတော့ အင်္ဂလိပ်စာလေ့ကျင့်ဖို့ပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်နားထောင်မှုစွမ်းရည် စာဖတ်ခြင်း အရေးနဲ့ အပြောစွမ်းရည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်ဖို့အတွက်အမှန်တကယ်လိုအပ်ပါတယ်။

ဒီလိုလေ့ကျင့်မှုတွေ ဘယ်လိုရနိုင်မလဲ။

  • နားထောင်မှုစွမ်းရည်- PODCASTS, TED စကားဝိုင်း၊ ရေဒီယိုသတင်းများ၊ TV ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်နှင့် သတင်းများ၊ အင်္ဂလိပ်စကားပြောအဖော်များ။
  • စာဖတ်ခြင်းစွမ်းရည် - လက်ကမ်းစာစောင်များ၊ ကြော်ငြာများ၊ မဂ္ဂဇင်းများ၊ သတင်းစာများ၊ သုတရသစာအုပ်မျိုးစုံ၊ အဆင့်.  ဆင့်သတ်မှတ်ထားသော စာအုပ်များ၊ (စာအုပ် သို့မဟုတ် အွန်လိုင်း)
  • စကားပြောစွမ်းရည် - အင်္ဂလိပ် စကားပြော အဖော်၊ အွန်လိုင်းမှတဆင့် အင်္ဂလိပ်စကားပြောအဖော်ရှာဖွေပြီးနေ့စဉ် ပြောဆို ရန် ဒါမှမဟုတ် သင့်တွင် အင်္ဂလိပ်စကားအသင့်အတင့် ပြောနိုင်တဲ့သူငယ်ချင်းရှိပါက ပုံမှန်စကားပြောလေ့ကျင့်မှုကို သင်စာမေးပွဲဖြေဆိုမည့်ရက်ရောက်တဲ့ အထိ စီစဉ်ထားပါ။
  • အရေးစွမ်းရည် - အင်္ဂလိပ်လိုရေးသားသည့် နေ့စဉ်မှတ်တမ်းစာအုပ်ထားပြီး သင်တစ်နေ့တာဘာလုပ်လဲဆိုတာအသေးစိတ်  ရေးသားထားရပါမယ်။ ပုံမှန် email ရေးပြီး ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ အားလပ်ရက်ခရီးစဉ်များနှင့် ပတ်သတ်တဲ့        သတင်းအချက်အလက်များကိုပုံမှန်မေးမြန်း စုံစမ်းရန်၊ IELTS မေးခွန်းလွှာ ၁ သို့မဟုတ် ၂ ကို နေ့စဉ် တစ်ပုဒ်ပြီးအောင်      ရေးရန် တို့ဖြစ်ပါတယ်။

ဒါဆိုရင် ဒီလိုလေ့ကျင့်မှုများကို ဘယ်နေရာကနေ ရရှိ နိုင်မလဲ။

အင်တာနက်မှတဆင့် - အိမ်မှာ ဒါမှမဟုတ် စာကြည့်တိုက် နှင့် အင်တာနက်ကဖေးများတွင် ရနိုင်ပါတယ်။

ယခုလို လေ့ကျင့်မှုမျိုးကို AEC မှာလည်းရ နိုင်ပါတယ်။ AEC ပညာရေးဆိုင်ရာ အင်္ဂလိပ်စာ သင်တန်းကတော့အင်္ဂလိပ်ဘာသာစကားဖွံ့ ဖြိုးတိုးတတ်မှု နှင့် အင်္ဂလိပ်စာ အဆင့်မြှင့်တင်ပေးဖို့အတွက်ဖြစ်ပြီး IELTS အမှတ်များများရစေရန်လေ့ကျင့်             ပေးသောနေရာလည်းဖြစ်ပါတယ်။ AEC counsellor  တွေကိုယနေ့ပဲဆက်သွယ်ပြီး IELTS အမှတ်များများရဖို့ ဘယ်လို နည်းလမ်း သုံးပြီးအကောင်းဆုံးပြင်ဆင်ရမလဲဆိုတာ မေးလိုက်ကြပါစို့။