AEC မှ သင်ကြားပို့ချလျက်ရှိသော Academic English Course သည် တက္ကသိုလ် နှင့် ကောလိပ် (၆၀) ကျော်သို့ တိုက်ရိုက် ၀င်ရောက်နိုင်ပါပြီ!

ပြည်ပတွင် ပညာသင်ကြားရာတွင် အောင်မြင်မှု ရရှိစေရန် လိုအပ်လျှက်ရှိသော အင်္ဂလိပ်ဘာသာစကား နှင့် ကျွမ်းကျင်မှုများအတွက် Academic English Course ကို AEC တွင် သင်ကြားပို့ချလျက်ရှိပါသည်။

AEC မှ သင်ကြားပို့ချလျက်ရှိသော Academic English သည် -

229140049_FB_1200x628.jpg

တက္ကသိုလ်နှင့် ကောလိပ်ပေါင်း (၆၀) ကျော် အသိအမှတ်ပြုခြင်း

- တက္ကသိုလ် နှင့် ကောလိပ် (၆၀) ကျော် ရဲ့ ၀င်ခွင့်လိုအပ်ချက်အတွက် အရည်အသွေးပြည့်မီသော အင်္ဂလိပ်စာ အဖြစ် အသိအမှတ်ပြုခံရခြင်း။

Level (၆) ခု ရှိခြင်း

-ကျောင်းဝင်ခွင့် IELTS 7.0 နှင့် အထက်လိုအပ်နေသူများအတွက် AE Level 6 နှင့် ညီမျှသော အတန်းများ ရှိုခြင်း။

နိုင်ငံပေါင်း (၇) နိုင်ငံတွင် သင်ကြားပို့ချနေခြင်း

-သြစတျေးလျနိုင်ငံရှိ Sydney အပါအ၀င် နိုင်ငံပေါင်း (၇) နိုင်ငံတွင် ပို့ချလျှက်ရှိခြင်း။

နှစ်စဉ် ကျောင်းသားပေါင်း (၆၀၀၀) ကျော် သင်ကြားနေခြင်း

-နှစ်စဉ် နိုင်ငံတကာမှ ကျောင်းသားပေါင်း (၆၀၀၀) ကျော် အား သင်ကြားပို့ချလျှက်ရှိခြင်း။

AECtestimonialNanNWay.jpg

သမီးနာမည်ကတော့ နန်းနွေးထွေးလှိုင် ဖြစ်ပါတယ်။ AE5 အတန်းကို ဒီဇင်ဘာလမှာ ပြီးမြောက် အောင်မြင်ခဲ့ပါတယ်။ AEC မှာ ပညာသင်ကြားခွင့် ရခဲ့တဲ့ အတွက်များစွာ ၀မ်းသာမိပါတယ်။ AE အတန်းကို တက်ရောက်ခဲ့ သဖြင့် အင်္ဂလိပ်စာ အရည်အသွေးများ တိုးတက်လာရုံသာမကပဲ ပြည်ပမှာ ပညာသင်ကြားနိုင်ရန်အတွက်ပါ ပြင်ဆင် ပေးခဲ့ပါတယ်။

ယခုအခါ အင်္ဂလိပ်စကားပြောဆိုခြင်း နှင့် Presentation တင်ပြရာတွင် မိမိကိုယ် မိမိယုံကြည်မှု ရှိလာပါတယ်။ အထူးသဖြင့် ဆောင်းပါးများ အလွယ်တကူ ဖတ်ရှုနိုင်လာပြီး academic style စာရေးသားခြင်းတွင်လည်း ကျွမ်းကျင်လာပါသည်။ ဒါ့အပြင် သင်ကြားပေးသော ဆရာများ၏ ကျွမ်းကျင်မှုရှိခြင်း နှင့် စိတ်ရှည်မှုများကြောင့်လည်း အချိန်တို အတွင်း အင်္ဂလိပ်စာ ကျွမ်းကျင်မှု တိုးတက်လာပါသည်။

Academic English တက်ရောက်ပြီးသည့် အခါ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အသွေးများ မယုံကြည်နိုင်လောက်အောင် တိုးတက်လာပါသည်။ ပြည်ပတွင် ပညာသင်ကြားရန် ပြင်ဆင်နေသူများ နှင့် အင်္ဂလိပ်စာ တိုးတက်လိုသူများ အနေဖြင့် AEC သို့ တက်ရောက်သင့်ကြောင်း အကြံပြုလိုပါါတယ်။

Nan Nway Htwe Hlaing Academic English (AE-5) Student