The UTS Law Insearch Myanmar Australia Scholarship

The University of Technology Sydney (UTS) Law Insearch Myanmar Australia Scholarship သည် အခွင့်အလမ်းနည်းပါးသော မြန်မာဥပဒေ ကျောင်းသားများအား ပံ့ပိုးခြင်းအစီအစဉ် ဖြစ်ပါသည်။  ပညာသင်ဆုရရှိသူများသည် မြန်မာနှင့် သြစတေးလျနိုင်ငံ၏ ဥပဒေပညာရှင် အဖွဲ့အစည်း အသိုင်းအဝိုင်းများအကြား ချိတ်ဆက် ဆောင်ရွက်မှုများတွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်သွားရမည်ဖြစ်ပါသည်။

UTS Law Insearch Myanmar Australia Scholarship သည် UTS Law, UTS Insearch ၏ ပါမောက္ခလည်းဖြစ်ပြီး UTS ၏ premium pathway provider လည်းဖြစ်သော Mr. Mitchell Landrigan ၏ အဓိကကူညီပံ့ပိုးမှုဖြင့် ဖြစ်ပေါ်လာသော အစီအစဉ်ဖြစ်ပါသည်။


ဆဤပညာသင်ဆုမှ ပံ့ပိုးပေးမှုများမှာ

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ၂ ပတ် ပညာသင်လေ့လာရေးခရီးစဉ်

သင့်အနေဖြင့် UTS ရှိ ဥပဒေဌာန၏ အတန်းများအား လေ့လာခြင်း၊ ကျောင်းသူ ကျောင်းသားများဖြင့် ဆက်သွယ်နိုင်ခြင်း၊ အစိုးရရုံး များ လုပ်ငန်းခွင်များအားလေ့လာနိုင်ခြင်း တို့အား ပြုလုပ်နိုင်ဖြစ်ပါသည်။ ထိုသို့အားဖြင့် သင်၏ စွမ်းရည်များအား မြှင့်တင်နိုင်ပြီး သြစတေးလျ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နိုင်ငံခြားတွင် ဥပဒေပညာအား လေ့လာဆည်းပူးနိုင်မည် ဖြစ်ပါသည်၊ UTS သည် ဆစ်ဒနီမြို့၏ မြို့လည်ခေါင်တွင် တည်ရှိပြီး Opera House, New South Wales Supreme Court နှင့် အစိုးရလွှတ်တော်များသို့ အလွယ်တကူသွားရောက် နိုင်သော အကွာအဝေးတွင် တည်ရှိပါသည်။

Academic English အား နာရီ ၂၀၀ သင်ယူနိုင်ခွင့်

ဤပညာသင်ဆုမှ AEC တွင် Academic English Level 5 အားသင်ကြားခွင့်ပေးဖြစ်ပါသည်။

BAKER MCKENZIE ဥပဒေအဖွဲ့အစည်းတွင် လစဉ်ထောက်ပံ့ကြေးနှင့် အလုပ်သင် ၃ လဝင်ရောက်လုပ်ကိုင်ခွင့်

ရန်ကုန်မြို့ရှိ Baker McKenzie ရုံးခန်းတွင် လစဉ်ကြေး 100 $ ဖြင့် ၃ လခန့်အလုပ်သင်အဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

 

 Two week study tour in Sydney, Australia

Two week study tour in Sydney, Australia


ဤပညာသင်ဆုအား လျှောက်ထားရန် အရည်အချင်းပြည့်မီပါသလား ?

ဤပညာသင်ဆုသည် ထူးချွန်သော်လည်း အခွင်ရေးနည်းပါးသောကျောင်းသားများအတွက် ဖြစ်ပါသည်။

၁။ လျှောက်ထားသူသည် ၂၀၁၇ နှစ်အကုန်တွင် ဥပဒေနောက်ဆုံးနှစ်(ဘွဲ့ကြို သို့ ဘွဲလွန်) တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။

၂။ လျှောက်ထားသူသည် အစောပိုင်း စာသင်နှစ်လေးနှစ်ပတ်လုံးတွင် GPA 3.5/5 အနည်းဆုံးရရှိထားရမည်။

၃။ လျှောက်ထားသူသည် အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းနှင့် အလုပ်သင်ကာလကို ပါဝင်နိုင်ရန် နှင့် ၂၀၁၈ ခုနှစ်တွင် ဆစ်ဒနီမြို့သို့ အလည်အပတ်ခရီးသွားရောက်နိုင်ရန်အတွက် လုံလောက်သောအင်္ဂလိပ်စာအရည်အချင်း ရှိထားရန်လိုအပ်မည်ဖြစ်သည်။ ဆန်ကာတင်အဖြစ် ရွေးချယ်ခံရပါက၊ အဆိုပါကျောင်းသားအား AEC မှ အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးရန် ဆက်သွယ်မည်ဖြစ်ပါသည်။

၎။ လျှောက်ထားသူသည် လူမှုရေး၊ စီးပွားရေး အခွင့်အရေးနည်းပါးသောသူဖြစ်ရမည်။ ဆိုလိုသည်မှာ ဝင်ငွေနည်းပါးသော မိသားစုဝင် (သို့) ဝေးလံခေါင်ပါးသော ဒေသမှလာသူဖြစ်ရမည်။

 

 

 


About the providers

University of Technology Sydney (UTS)

  • UTS သည် Australia ၏ တက္ကသိုလ်သစ်များထဲတွင် ထိပ်ဆုံးနေရာမှဖြစ်ပါသည်။ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တော်၏ အချက်အချာကြနေရာတွင် တည်ရှိနေပြီး လှုပ်ရှားသက်ဝင်နေသော တက္ကသိုလ်ဖြစ်ပါသည်။ UTS ၏ ဥပဒေဌာနသည် သြစတေးလျနိုင်ငံ၏ ထိပ်တန်းဥပဒေဌာန ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဥပဒေကျောင်း ၅၀ တွင် တစ်ခုအပါဝင်ဖြစ်ပါသည်။

    QS. UTS Insearcsh သည် UTS သို့တက်ရောက်နိုင်သော pathway အစီအစဉ်ဖြစ်ပြီး AEC သည် ရန်ကုန်မြို့၏ UTS Insearch ၏အင်္ဂလိပ်အစီအစဉ်များကိုသင်ကြားပို့ချနေသော သင်တန်းကျောင်းဖြစ်ပါသည်။

*Visit UTS website for more information.

BakerMCKenzie.png

BAKER MCKENZIE

  • Baker McKenzie သည် နိုင်ငံတကာအဖွဲ့အစည်းပေါင်း များစွာအား နှစ်ပေါင်း ၇၀ ကျော်ကြာ နက်နဲသော အကြံဥာဏ်နှင့် ဥပဒေပညာရပ်ဆိုင်ရာအကူအညီများ ပေးအပ်နေသော အဖွဲ့အစည်းဖြစ်ပါသည်။ နိုင်ငံပေါင်း ၄၇ တွင် နိုင်ငံတကာအတွေ့အကြုံရှိ နိုင်ငံတော်အသိအမှတ်ပြု ဥပဒေပညာရှင် ၅၀၀၀ ကျော် ခန့်အပ်ထားရှိပြီး အလုပ်အပ်နှံသူများအား လက်တွေ့ကျ၍ဆန်းသစ်သော ဥပဒေနည်းစနစ်များ  အတွေ့အကြုံများဖြင့် ဖြေရှင်းဖြည့်ဆည်း ပေးနေပါသည်။ ရန်ကုန်မြို့ရှိ ရုံးခွဲမှလည်း နိုင်ငံတကာနှင့်ပြည်တွင်း ကုမ္ပဏီများအား အရေးကြီးသော ဥပဒေဝန်ဆောင်မှု များ ပေးလျှက်ရှိနေပါသည်။ Baker McKenzie သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများဖြစ်ကြသော စီးပွားကူးသန်းဥပဒေ၊ ဘဏ်လုပ်ငန်းဥပဒေ၊ စွမ်းအင်ဆိုင်ရာဥပဒေ၊ အလုပ်သမားဥပဒေ၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေ၊ အိမ်ခြံမြေဥပဒေ နှင့် အခွန်ဥပဒေများအား ကျွမ်းကျင်ပိုင်နိုင်စွာ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ Baker Mckenzie ၌ အလုပ်သင်ဝင်ခြင်းသည် ကုမ္ပဏီ၏ ပြည်တွင်းပြည်ပ လုပ်ငန်းစဉ် များနှင့် နည်းစနစ်များအား ထဲထဲဝင်ဝင် လေ့လာနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။ ကျွနုပ်တို့အနေဖြင့် ကျောင်းသားများအား စိန်ခေါ်မှုမြင့်မားသော ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များအား ကျွန်ုပ်တို့နှင့်တွဲဖက်လုပ်ကိုင်ခြင်းဖြင့် တက္ကသိုလ်မှ လုပ်ငန်းခွင်သို့ အကူးအပြောင်းတွင် အကျွမ်းဝင်အဆင်ပြေစေရန်ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် ထူးချွန်၍လက်တွေ့ကျသော ဖော်ရွေပျူဌာသော အစဉ်အလာထဲမှ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းများ၏ အခက်အခဲများကို ရင်ဆိုင်လိုသော၊  အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ပြီး စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်လိုသော သူများအတွက်ဖြစ်ပါသည်။

ဤပညာသင်ဆုသည် ထူးချွန်သော်လည်း အခွင့်အရေးနည်းပါးသော ဥပဒေကျောင်းသားများအတွက် အဓိကရည်ရွယ်ပါသည်။ မြောက်မြားလှစွာသော အခွင့်အလမ်းများက UTS Law Insearch Australia Scholarship မှနေ၍ သင့်အားစောင့်ကြိုနေပါသည်။

 

အသေးစိတ်အချက်အလက်များအား ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့နှင့်ဆက်သွယ်နိုင်ပါသည်။

 

လျှောက်လွှာပိတ်ရက် ( အောက်တိုဘာ ၃၁၊  ၂၀၁၇)

ဆစ်ဒနီမြို့၌ ပညာသင်ကြားနိုင်ရန် ယခုအခွင့်အရေး ကိုအမြန်ဆုံးဆုပ်ကိုင်လိုက်ပါ